မြစ်ကြီးနားမှာ စစ်တပ်ထုတ်ကုန်ရောင်းချသည့် ဆိုင်များအား ကေအိုင်အိုမှ အရေးယူနေ
23 January 2021-Kachinwaves
မြစ်ကြီးနားမြို့က စစ်တပ်ထုတ်ကုန် ရောင်းချသည့် ဆိုင်များအား ကေအိုင်အေမှ ယခုရက်ပိုင်း ဆက်တိုက်အရေးယူနေကြောင်း သတင်းရရှိသည်။
စစ်တပ်ထုတ်ကုန် beer များကို ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မရောင်းချရန် သတိပေးစာထုတ်ပြီနောက် ဆက်လက်ရောင်းချနေသည့် ဆိုင်များအား လိုက်လံစစ်ဆေးပြီး ဘီယာများကို ဖျက်ဆီးကာ ဒဏ်ငွေဆဆောင်ခိုင်းသည်ဟု ဒေသခံတစ်ဦးကဆိုသည်။
ကေအိုင်အိုက စာထုတ်ပြန်ပြီးနောက် အချို့ဆိုင်များက စစ်တပ်ထုတ် ကုန် ဘဘီယာများကို ဆက်လက်ရောင်းချခြင်း မပြုတော့ကြောင်းလည်း ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
စစ်တပ်ထုတ်ကုန်များသယ်ဆောင်ကာ မြစ်ကြီးနား ပူတာအိုလမ်းသို့တက်သည့် ကားများကိုလည်း စစ်ဆေးအရေးယူနေကြောင်း သိရသည်။