မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ကောင်စီထုတ်ကုန်များရောင်းချနေသည့် ဆိုင်များကို ကေအိုင်အေမှ လိုက်လံ စစ်ဆေးပြီး အရေးယူ
21 January 2022-Kachinwaves
စစ်ကောင်စီ၏ ထုတ်ကုန်များကို ဆက်လက်ရောင်းချနေသည့် မြစ်ကြီးနားမြိုရှိ ဆိုင်များမှကုန်ပစ္စည်းများကို ယခုရက်ပိုင်းအတွင်း ကေအိုင်အေမှ လိုက်လံ ဖျက်ဆီးအရေးယူနေကြောင်း သိရသည်။
မြစ်ကြီးနားခရိုင်အတွင်း စစ်ကောင်စီ၏ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းဖြစ်သည့် ဘီယာများကို ဇန်နဝါရီလ ၁၀ရက်နေ့တွင် နောက်ဆုံးထားပြီး သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် မြစ်ကြီးနားခရိုင် ကေအိုင်အိုမှ ဇန်နဝါရီလ ၄ရက်နေ့တွင် စာထုတ်ပြန်ခဲ့သည်။
မန္တလေး- မြစ်ကြီးနား ကားလမ်းမှ စစ်ကောင်စီထုတ်ကုန် ဘီယာများ သယ်ဆောင်လာသည်ကို ကေအိုင်အေနှင့် PDFတို့မှ ပူးပေါင်းဖျက်ဆီးခဲ့သည်။