စစ်ကောင်စီကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လေးလအတွင်း ၄၆ ကြိမ်ရှိခဲ့
13 June 2024 – Kachinwaves
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ စစ်ကောင်စီ ကျူးလွန်ခဲ့သော အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် အနည်းဆုံး (၄၆) ကြိမ်ရှိခဲ့ပြီး၊ သေဆုံးသူစုစုပေါင်း (၃၆၉) ဦးရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
“စစ်အုပ်စုသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့်လေကြောင်း တပြိုင်နက်အသုံးပြုခြင်းအပြင် အခြားပုံစံများဖြင့် အစုလိုက်အပြုံအလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်။”ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၂၆၀) ရှိခဲ့ပြီး၊ သေဆုံးသူအရေအတွက် ၂၄၉၀ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၁၂၁ ခုရှိခဲ့ပြီး၊ သေဆုံးသူ ၁၁၉၅ ရှိခဲ့ကာ၊ စုစုပေါင်းသေဆုံးမှုအရေအတွက်၏ ထက်ဝက်နီးပါးရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။
အရပ်သား (၅) ဦးနှင့် (၅) ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။