စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့်ဗုံးကြဲခံရပြီး စစ်ဗိုလ်တစ်ဦးေသ၊ ၅ ဦး ဒဏ်ရာရ
15 September 2023 – Kachinwaves
စစ်ကောင်စီတပ်သားများ ထမင်းစားနေစဉ် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်၊ ရွှေကျင်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့နံနက် (၇)နာရီက ဒရုန်းဖြင့်ဗုံးသုံးလုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများရှိကြောင်း Black Wolf PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“အလောင်းတွေတော့ ပြန်သယ်သွားတယ်။ နောက်ဆက်တွဲဘာမှတော့မဖြစ်ဘူး” တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရပြီး၊ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးကြောင်း သိရသည်။
အဆိုပါ ဒရုန်း စစ်ဆင်ရေးကို BLACK WOLF – ARMY၊ Who am i – Army၊ Forest Fighter၊ နတ်တောင်နဂါးတပ်ဖွဲ့တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗုံးချတိုက်ခိုက်ခဲ့သည့်နေရာတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ထမင်းစားလက်စ ထမင်းပန်းကန်( ၇ ) ချပ်နှင့်အတူ ဒဏ်ရာကုသထားသော ဆေးဝါး ပစ္စည်းများနှင့် စစ်ကောင်စီ ဘတ်တံဆိပ်ပါ င်္အကျီကိုလည်း တွေ့ရှိ ရကြောင်း သိရသည်။
စက်တင်ဘာ လဆန်းပိုင်းကလည်း မီးရထားလမ်း လုံခြုံရေးယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းများနှင့် Black Wolf Army PDF ပူးပေါင်းတပ်ဖွဲ့တို့ ရွှေဘိုမြို့တွင် ငါးရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။