ကျောက်မဲမြို့နှင့်ကျောက်ဖြူမြို့ ရှိမူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများတွင် အသက် (၁၂)နှစ်အောက် ကလေးငယ်များပါဝင်နေ
7 January 2022 – Kachinwaves
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် ကျောက်ဖြူမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ရောင်းဝယ်ဖောက်ကားမှု ပိုမိုဆိုးရွားလာကြောင်း သိရသည်။
ကျောက်မဲမြို့နှင့်ကျောက်ဖြူမြို့ ရှိမူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများတွင် အသက် (၁၀)နှစ် နှင့် (၁၂)နှစ်အရွယ် ကလေးငယ်များနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း The Ko Kang မီဒီယာတွင်ဖော်ပြထားသည်။