KIA စစ်ဦးစီးချုပ်၊ အမှတ် ၁ စစ်ဒေသမှူး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝမှာ Bass ဂီတာသမား ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အသည်းရောဂါကြောင့် ကွယ်လွန်
13 May 2024 – Kachinwaves
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အသည်းရောဂါအခံကြောင့် ဒီကနေ့ညနေ ၆ နာရီကျော်အချိန်မှာ ကွယ်လွန်သွားရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တရုတ်နိုင်ငံသို့ ဆေးသွားရောက် ကုသမှုခံယူခဲ့ပြီး ပြန်လာတာ သုံးရက်လောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် (Chief of Staff) ဖြစ်သလို မဟာမိတ် (အမှတ် ၁ စစ်ဒေသမှူး) တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း (Rukhkyawng Hkawng Lum) ဟာ ၁၉၈၈ ခုနှစ်မှာ KIA ထဲစတင် ဝင်ရောက်လာပြီး အဆိုတော်မွန်းအောင် ရဲ့ ၈/၈၂ အင်းလျား သီချင်းမှာ Bass ဂီတာတီးပေးသူ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်မှ (B.sc) ဘွဲ့ရရှိသူ ဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းဟာ စည်းကမ်းကြီးတဲ့ တပ်မှူးကောင်းဖြစ်ကြောင်း KIA စစ်သားများက ပြောလေ့ရှိကြပါတယ်။