ဖားကန့်မှော်လှည့်သပိတ် ပြည်သူများ ဆန္ဒပြ
10 May 2024 – Kachinwaves
ဖားကန့်မှော်လှည့်သပိတ်က ယနေ့ မေ ၁၀ ရက်နေ့ နံနက်တွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“ပြိုင်တူရုန်းကြမယ်ဗျာ၊ ပြည်သူတင်းရင် အာဏာရူးတွေ ခံနိုင်ရိုးလား“ဟု ပိတ်စ စာတန်းကိုင်ဆောင်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး KIA၊ PDF၊ NUG တို့ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။