KIA နှင့် AA ပူပေါင်းတပ်ဖွဲ့ စစ်တပ်က ဆယ်စုနှစ်ချီတပ်စွဲခဲ့သည့် ဂန်ဒေါင်ယန်စခန်းကို သိမ်းပိုက်
31 October 2023 – Kachinwaves
ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် AA ပူးေပါင်းတပ်ဖွဲ့က ယနေ့ နံနက် သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။
ဂန်ဒေါင်ယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော်လမ်းမရှိ စစ်ကောင်စီတပ်၏ အရေးကြီးစခန်းတစ်ခုဖြစ်ပြီး ဆယ်စုနှစ်ချီ အခြေချတပ်စွဲခဲ့သည့် စခန်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးဝန်းကျင်သို့ လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများလည်း ရှိနေသည်။