ရဝမ်လူငယ်အသင်းဥက္ကဌ ကိုဖီနန် စစ်ကြောရေး၌ နံရိုးကျိုးသည့်အထိ ရိုက်နှက်စစ်ဆေးခံခဲ့ရ
30 June 2022 – Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့က ရဝမ်လူငယ်အသင်းဥက္ကဌ ကိုဖီနန် စစ်ကောင်စီ၏ စစ်ကြောရေးတွင် လူမဆန်စွာ ရိုက်နှက်စစ်ဆေးခံရ၍ နှံရိုးထိခိုက်သွားသည်ဟု ကြားသိရသည်။
“သူက စစ်ဆေးတုန်းက တစ်ယောက်ပြီးတစ်ယောက် ထိုးကြိတ်ပြီးမှ မေးမြန်းလို့ နံရိုးထိသွားတယ်၊ နံရိုးနာတာ ၂ လလောက် ခံစားလိုက်ရတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ကိုဖီနန်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဇွန်လ ၂၉ရက်နေ့ ယမန်နေ့က ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်။
ကိုဖီနန်သည် CDM ပြုလုပ်သူနှင့် PDF များကို ကူညီသည်ဟု စွပ်စွဲခံရကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ယမန်နေ့က ထောင်ဒဏ်အမိန့် ချမှတ်ခံရခြင်း ဖြစ်သည်။