မြစ်ကြီးနား ပူတာအိုလမ်းမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူရှိဟုဆို
24 May 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့နယ်သို့ တက်လာသည့် စစ်ကောင်စီယာဥ်တန်းသည် မေလ ၂၃ရက်နေ့နံနက်ပိုင်းတွင် တန်ဂျာကျေးရွာနှင့် အင်ဒေါင်ဘွမ်ကြားတွင် ကေအိုင်အေ၏ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးထိခိုက်မှု အတိအကျကိုတော့ မသိရကြောင်း တန်ဂျာဒေသခံတစ်ဦးကဆိုသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီး ချောက်ထဲသို့ကျသွားပြီး ဆီကားတစ်စီးလည်း ပျက်စီးသွားသည်ဟု ဆိုသည်။
၎င်းစစ်ကောင်စီယာဥ်တန်းသည် ယနေ့နက်ပိုင်းတွင် တန်ဂျာကျေးရွားအနီး၌ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယခုစစ်ကြောင်းကို မေလ ၁၇ရက်နေ့တွင်လည်း ဆွမ်ပရာဘွမ်မြို့နယ် မိုင်ထောင်ကျေးရွာအနီး၌ ကေအိုင်အေမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဖားကန့်မြို့နယ် ကရင်ချောင်တွင်လည်း ယမန်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။