ဝန်းသိုမြိုနယ်က နေအိမ် ၁၄၈ အိမ်အား စစ်ကောင်စီတပ် မီးရှိဖျက်ဆီး
26 April 2022-Kachinwaves
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ နေအိမ် ၁၄၈ အိမ်ကို စစ်ကောင်စီတပ်က ဧပြီလ ၂၄ရက်နေ့တွင် မီးရှိဖျက်ဆီးခဲ့ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း Wuntho_Revolution မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေအိမ်မီးရှို့ခံလိုက်ရသည့် ပြည်သူများနှင့် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ အကူအညီ အထောက်အပံ့လိုအပ်နေကြောင်းလည်းဆိုသည်။
“စစ်ဘေးရှောင်တွေအတွက် အခက်အခဲကတော့ အလှူရှင်တွေ နည်းနေတယ်။ အလှူခံတဲ့ဘဏ်အကောင့်တွေ ပိတ်ခံရတယ်။ စစ်ဘေးရှောင်တွေအတွက် ရောက်သင့်သလောက် မရောက်နိုင်သေးဘူး အဆက်အသွယ်ကတော့ တော်တော်ခက်ခဲတယ်”ဟု ပြောသည်။
နေအိမ် မီးရှိဖျက်ဆီးခံရသည့် ပြည်သူများသည် နီးစပ်ရာမြို့များ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရကြောင်း သိရသည်။
ဝန်းသိုမြို့မှ စစ်ရှောင်ရွာပေါင်း ၄၀ ကျော်မှ စစ်ရှောင်ပြည်သူ ၂သောင်း ၅ထောင်နီးပါးသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ စပြီးထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၃ရက်နေ့တွင် ဝန်းသိုမြို့တွင် စစ်ကောာင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်။