ကောလင်း စစ်ဘေးရှောင်တွေ လက်မှုပညာ သင်တန်းတက်ပြီး ပြန်လည်ထုတ်လုပ်ရောင်းချ
–
စစ်ကိုင်းတိုင်း၊ ကောလင်းမှာ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူမှပြည်သူသို့အဖွဲ့က အခြေခံ အသက်မွေးဝမ်းကြောင်း လက်မှုပညာ သင်တန်းပေးခဲ့ပြီး သင်တန်းသားတွေထုတ်လုပ်တဲ့ ပစ္စည်းများလည်း ရောင်းချနေကြောင်း ပြည်သူမှပြည်သူတို့အဖွဲ့ရဲ့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။
ပြည်သူမှပြည်သူသို့အဖွဲ့သားများက မြေပြင်စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကို နိုဝင်ဘာ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သင်တန်းသား (၂၀) ကျော်ကို ဒုတိယအကြိမ်အဖြစ် အပ်ချုပ်ပန်းထိုးလက်မှုပညာ သင်ကြားပေးခဲ့တယ်လို့ ကိုသဲကြီးက ပြောပါတယ်။
“စစ်ဘေးရှောင်လာတာလည်း ၁ နှစ်ကျော်ကြာခဲ့ပြီ။ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်း ရှိပေမဲ့လည်း လုံလောက်တဲ့ ပမာဏထိမရှိခဲ့ဘူးပေါ့။ ဆိုတော့ နေ့စဉ်စားဝတ်နေရေးအတွက် ကျွန်တော်တို့က ရိက္ခာတွေ ထောက်ပံ့ပေးပေမဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်ပညာနဲ့ ဖြေရှင်းလို့ရအောင် သင်ပေးတာဖြစ်တယ်။”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ပြည်သူမှပြည်သူသို့အဖွဲ့က စစ်ရှောင်ပြည်သူ (၃၂) ယောက်ကို ပထမအကြိမ် ခြင်းတောင်းယက်လုပ်တဲ့ အသက်မွေးဝမ်းကြောင်းပညာကို သင်ပေးခဲ့ပါသေးတယ်။