ကားလမ်းပေါ်ရှိ တပ်စခန်းများ သိမ်းပိုက်ခံရသည့် စစ်ကောင်စီတပ် ဧရာဝတီမြစ်ကြောင်းလိုက်၍ စစ်ကြောင်းလှုပ်ရှားလာ
5 November 2023 – Kachinwaves
အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ဧရာဝတီမြစ်ကြောင်းကိုလိုက်၍ မြစ်အောက်ပိုင်းမှ အထက်ပိုင်းသို့ လှုပ်ရှားလာပြီး မြစ်ကြီးနားမြို့နယ် ဖရောကျေးရွာရှိရွာသားများကို ခြိမ်းခြောက် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ဗန်းမော် – မြစ်ကြီးနားကားလမ်းရှိ တပ်စခန်းများ လက်လွတ်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းကိုလိုက်၍ စစ်ကြောင်းလှုပ်ရှားလာသည့် သတင်းများကို ပြန်လည်ကြားသိရလာရခြင်း ဖြစ်သည်။
ထို့အပြင် ခလရ ၁၄၂ စစ်ကောင်စီတပ်ရင်းမှ ယနေ့ နိုဝင်ဘာ ၅ နေ့တွင် ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ရှိ K.B.C ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲပြီး ဓမ္မဆရာတစ်ဦး၊ သင်းထောက်အမျိုးသမီးတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့ ထိခိုက်ခံရကြောင်း သိရသည်။