ဆယ်ရက်အတွင်း စခန်းပေါင်း ၁၂၀ ကျော်သိမ်းပိုက်နိုင်ပြီး လေယာဉ်ပစ်လက်နက်များကိုလည်း သိမ်းဆည်းရ
5 November 2023 – Kachinwaves
စစ်ဆင်ရေး ၁၀ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ အဓိက အရေးပါသော စခန်းကြီး၊ စခန်းငယ်များ၊ ရဲစခန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ စခန်းများနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းစုစုပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများနှင့် လေယာဉ်ပစ်လက်နက်ကြီးများနှင့် စစ်လက်နက် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်။”ဟု ဆိုသည်။
အဆိုပါဖော်ပြချက်တွင် တွေ့ရှိရသည်မှာ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းညီနောင် မဟာမိတ်တို့၏ ထိုးစစ်ကို ခုခံတွန်းလှန်ခြင်း မပြုနိုင်ဘဲ လက်နက်ချသူနှင့် ထွက်ပြေးသူများ ပိုမိုများပြားလာပြီး စစ်ကောင်စီသည် လေကြောင်းကိုသာ အဓိကအားထားနေရသည်ဟု ဖော်ပြထားသည်။