Fri. Aug 19th, 2022

nlum naw

မရန်၊ Kachinwaves သဘာဝတောတောင်တွေ၊ ရေပေါ်ကနေအောက်ကို ကြည့်လိုက်ရင် မှန်ကြည့်သလို ရေအောက်ထိထိုးဖောက်မြင်ရအောင် ကြည်လင်းနေတဲ့ စမ်းချာင်းတွေ ဝန်းရံထားတဲ့ နောင်မွန်မြို့မှာ အရင်နဲ့မတူပဲ သိသာပြောင်းလဲသွားတာ တစ်ခုရှိပါတယ်။ လျှပ်စစ်မီး ၂၄နာရီရသွားတာလည်း မဟုတ်ပါဘူး။ လူငယ်တွေအတွက် အလုပ်အကိုင် ပေါများသွားတာလား ဒါလည်းမဟုတ်ပါဘူး။ အင်တာနက်လိုင်းတွေ အရမ်းကောင်းသွားတာလား ဒါလည်း မဟုတ်သေးပါဘူး။... Read More
အင်တာနက်လိုင်းကောင်းများ အမြန်ဆုံးတပ်ဆင်ပေးဖို့ နောင်မွန်လူငယ်များတောင်းဆို နောင်မွန်မြို့မှ လူငယ်များသည် နည်းပညာခေတ်မှာ အင်တာနက်မရသောကြောင့် လူငယ်များအတွက် နစ်နာရကြောင်းနှင့် အင်တာနက်အမြန်ဆုံးတပ်ဆင်ပေးရန် တောင်းဆိုသည့် campaign တစ်ခုပြုလုပ်ခဲ့ကြသည်။ ‌နောင်မွန်မြို့နယ်တွင် အင်တာနက်မရသောကြောင့် လူငယ်များအတွက် အခွင့်အရေးများဆုံးရှုံးရကြောင်း နောင်မွန်မြို့မှ လူငယ်တစ်ဦးဖြစ်သူ မောင်ယုံငိုင်ဒါဝိက ‌ပြောသည်။ “ကျွန်တော်တို့နောင်မွန်မှာလေ အွန်လိုင်းမရလို့နော် အင်တာနက်မရလို့ ကျွန်တော်တို့အဓိက... Read More
ပြည်ခိုင်ဖြိုးပါတီအစိုးရ သက်တမ်းတွင် စတင်ပြုလုပ်ခဲ့ပြီး ဒီချုပ်အစိုးရလက်ထက်တွင် ရပ်နားထားသည့် ပူတာအိုခရိုင်မှ ‌‌‌နောင်မွန်မြို့လေယာဉ်ကွင်းကို အမြန်ပြန်လည်ဆောက်လုပ်ပေးရန် အလိုရှိကြောင်း နောင်မွန်မြို့ဒေသခံများကဆိုသည်။ နောင်မွန်လေယာဉ်ပြေးလမ်းသစ်အား ၂၀၁၃-၂၀၁၄ ခုနှင့် ၂၀၁၅-၂၀၁၆ ခုနှစ် စုစုပေါင်းရန်ပုံငွေကျပ် ၂၃၉၉ သန်းပြပြီး ပြုလုပ်ခဲ့သည်ဟု Humanity Institute နှင့် နာမ်ရှနီ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းတို့ ထုတ်ပြန်ခဲ့သည့်... Read More
စည်းကမ်းချိုးဖောက်ပြီး တူးဖော်နေသည့် ဖုန်အိန်ခချောင်းရိုးတစ်လျှောက်မှ ရွှေလုပ်ကွက်ခုနှစ်ခုကို ကျပ်ဆယ်သိန်းစီ ဒဏ်ကြေးငွေအဖြစ်ဆောင်ခိုင်းထားသည်ဟု ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးစောယုက ဆိုသည်။ “စာချုပ်ပါစည်းကမ်းအရ အာမခံကြေးပေါ့နော် အာမခံကြေးထက်မနည်းသောဆိုတဲ့ ပုဒ်မရှိတယ်ပေါ့ စီမံခန့်ခွဲရေးနည်းလမ်းဥပဒေ ပုဒ်မ ၂၈(ခ)အရ၊ ဆိုတော့ အဲမှာ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူရမယ်ဆိုတော့ အရေးယူလိုက်တယ်။ အရေးယူတဲ့... Read More
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့ကိုသွားရာလမ်း ပူတာအိုမှ ဆိုင်ကယ်ဖြင့် သွားရင် လမ်းမှာတစ်ညအိပ်ရပြီး အချို့လမ်းနေရာများတွင် ဆိုင်ကယ်အား ထမ်းသွားရကြောင်း ခရီးသွားသူများကဆိုသည်။ မြို့ပေါ်မှာ Jeep ကား နှစ်စီးတွေ့ရပြီး အဆိုပါ ကားနှစ်စီးမှာ ရဟတ်ယာဉ်နဲ့ သယ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ကားနှစ်စီးအား စီးမည့်နေရာမရှိသည့်အတွက် စီးခြင်းလည်း မရှိကြောင်းလည်း သိရသည်။... Read More
မရန် December 2, 2020, Kachinwaves အစိုးရသက်တမ်းနှစ်ခုတွင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်တစိုက်မတ်မတ် ပါဝင်ခဲ့သူ၊ အနေအေးပြီး တည်တည်ကလေးနေတတ်တဲ့ ကချင်အမျိုးသားတစ်ဦးက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ သူက ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) အဖွဲ့ရဲ့ ပဲ့ကိုင်တွေထဲက တစ်ဦးဖြစ်သလို အမျိုးသားရေး၊ ဘာသာရေး၊ လူထုအရေးကိစ္စများတွင် မန္တလေးတက္ကသိုလ်မှာ... Read More
မရန် November 12, 2020, Kachinwaves ဒေသခံကချင်ပြည်သူများ၏ ထောက်ခံဆန္ဒမဲအဓိကရခဲ့သော ကချင်ပါတီသည် မဲရလဒ်ရေတွက်ပြီးချိန်မှာတော့ ရှုံးနိမ့်ခဲ့ပါသည်။ အနိုင်ရသွားသူကလည်း ကချင်ပြည်နယ်မှ အခြားမဲဆန္ဒနယ် တော်တော်များများတွင် အနိုင်ရနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဟုတ်ပဲ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိသွားခြင်း ဖြစ်ပါသည်။ ကချင်လူမျိုးများအများစုနေထိုင်သည့် သွေးချင်းတို့ပျော်ရာမြေဟု တင်စားခံရသော ဆွမ်ပရာဘွမ်မြို့နယ်ရှိ... Read More
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ထွယ်ဆန်ယန်ကျေးရွာအနီးရှိ တောင်ယာတွေမှာ တောင်သူများက စပါးရိတ်သိမ်းနေကြတာပါ။ အခြားဒေသတွေမှာ ကောက်စိုက်ကောက်ရိတ်သိမ်းချိန်မှာ ငွေအားသုံးပြီး နေ့စားအလုပ်ခေါ်ကာ လုပ်ဆောင်ကြပေမဲ့ ထွယ်ဆန်ယန်ကျေးရွာအနီးရှိ တောင်ယာတွေမှာတော့ ရိုးရာဓလေ့ အလှည့်ကျ (Ga tsun Ga la) အပြန်အလှန်ကူညီလျှက် ရိတ်သိမ်းလျှက်ရှိကြပါတယ်။ နေ့လည်ခင်းမှာ ဖက်ထုပ်ထမင်း၊ ဟင်းနဲ့ ဝါးကျည်တောက်ခွက်ထဲထည့်ထားတဲ့... Read More
ပူတာအိုမြို့နယ်ရှိ မဲရုံအချို့တွင် ကြိုတင်မဲပေးရာ UEC စာသားမပါသည့် တံဆိပ်တုံး အသုံးပြုခြင်း၊ မိမိသဘောဆန္ဒ အတိုင်းမဟုတ်ပဲ မဲထည့်ခိုင်းခြင်းများရှိသည်ဟု မဲဆန္ဒရှင်များကဆိုသည်။ ပူတာအိုမြို့နယ် လုံးစွတ်ရပ်ကွက် မဲရုံ(၂၄)တွင် တာဝန်ရှိမဲရုံမှူးတစ်ဦးက တစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲ ၎င်း၏ မဲလက်မှတ်တွင် တံဆိပ်ထုပေးပြီး မဲဆန္ဒရှင်၏ဆန္ဒအတိုင်းမဟုတ်ပဲ မဲထည့်ခိုင်းကြောင်း မဲဆန္ဒရှင် ဒေါ်အားခူ ကဆိုသည်။ “သေချာလေး... Read More
ONE Championship ပြိုင်ပွဲတွင် ယနေ့ည ယှဉ်ပြိုင်ထိုးသတ်ကြသည့် အောင်လအန်ဆန်း နှင့် နယ်သာလန်နိုင်ငံသား ရိုင်နီယာဒီရစ်ဒါတို့၏ ယှဉ်ပြိုင်ထိုးသတ်ပွဲ၌ အောင်လရှုံးသွားပြီးနောက် မတ်တပ်ထလိုက်ချိန်လှဲကျသွားကာ သွေးတိုးရောဂါ အခံရှိသည့် ပူတာအို လေယဉ်ကွင်း ရပ်ကွက်(၃)က အသက်(၆၀) ကျော် အဖိုးဦးဆန်နိုင်ဆင် ရုတ်တရက် သေဆုံးသွားကြောင်း သတင်းရရှိသည်။... Read More

You may have missed