Wed. Oct 4th, 2023

nlum naw

KIO နယ်မြေရှိ ရက္ခိုင့်တပ်မတော်(AA)ကို နယ်မြေပြောင်းရွှေ့ခိုင်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှတဆင့်နှုတ်ဖြင့် ပြောဆိုလာကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။ ရက္ခိုင့်တပ်မတော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ် မတ်လ (၂၃)ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာခဲ့သည်။ ထိုသို့ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။ “အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်ပြီဆိုတော့။... Read More
မတ်လ ၂၈ရက်နေ့အထိ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံမှ Covid-19 ပိုးတွေ့ရှိလူနာဦးရေနှင့် သေဆုံးသွားသည့်လူဦးရေ။ အပြာရောင် – ပိုးတွေ့ရှိသူဦးရေ အနီရောင် – သေဆုံးဦးရေ Ref; https://coronavirus.jhu.edu/map.html  ... Read More
မြစ်ကြီးနားမြို့၊ အချို့ကျေးရွာများတွင် ကိုယ်အပူချိန်တိုင်းကိရိယာ thermometer မရှိ နိုင်ငံခြားနှင့် ပြည်တွင်းခရီးမှ ပြန်ရောက်လာသူများကို အပူချိန်တိုင်းရန် အချို့ကျေးရွာများတွင် အပူချိန်တိုင်းကိရိယာ”Infrared Digital Thermometer” မလုံလောက်သဖြင့် အလှည့်ကျစောင့်ဆိုင်းနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။ “အပူချိန်တိုင်းတဲ့ဟာ မလောက်ဘူး။ ပေါင်းကိုင်နေရတယ်။ ဟိုလူကိုင်လိုက် ဒီလူကိုင်လိုက်ပဲ။ အခုဝယ်လို့လဲမရဘူး။”ဟု တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က... Read More
(၅)ရက်အတွင်း နေ့စဉ်တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် စာရင်း။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်ဟု နေ့စဉ် သတင်းထုတ်ပြန်နေပါသည်။... Read More
ပိတ်မိပြည်သူလွတ်မြောက်ရေး ဆန္ဒပြ ဦးဆောင်သူသုံးဦးအား တပ်မတော်မှ အသရေဖျက်မှုဖြင့် တရားစွဲဆို ထားသောအမှုတွဲကို ချေဖျက်ပေးဖို့အတွက် ကချင်ပြည်နယ်တရားလွတ်တော်ရုံးသို့ ယနေ့ စတုတ္ထအကြိမ် ရုံးချိန်းမှာ တင်ပြထားပြီဖြစ်ကြောင်း တရားစွဲဆိုခံရသူ ဒေါ်နန်ပူ၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။ “ ဒီအမှုဟာဆိုရင် ဆွဲဆိုဖို့ မသင့်ဘူးပေါ့နော်၊ အခုတလောစစ်ထားတဲ့အပေါ်မူတည်ပြီးမှ အမှုတွဲကို ချေဖျက်... Read More
ပိတ်မိ ပြည်သူများလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခြင်း ဦးဆောင်ကော်မတီဝင် သုံးဦးကို ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးမှ တရားလိုပြုလုပ်ကာ အသရေဖျက်မှုဖြင့် တရားစွဲဆိုထားပြီး ယနေ့မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုသွားရောက် ရင်ဆိုင်ခဲ့သော်လည်း တရားသူကြီးက မေလ(၂၁) ရက်နေ့သို့ ရုံးချိန်းကို ပြန်လည်ခေါ်ဆို ခဲ့ကြောင်း တရားစွဲခံရသူ တစ်ဦးဖြစ်တဲ့ ကိုလွမ်းဇောင်းက ပြောသည်။ “ကိုဇော်ဂျတ်နဲ့... Read More
လွန်ခဲ့တဲ့ မတ် (၆) ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းကြောင့် ဆဒုံးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဘုရားကျောင်းနှင့် လူနေအိမ်ခြေ (၄၀)ကျော် ပျက်ဆီးခဲ့ပြီး အကူအညီ များလိုအပ်နေကြောင်း ဆဒုံးမြို့လီဆူနှစ်ခြင်းအသင်းတော် အတွင်းရေးမှူး ဆရာလယ်မယ်လေး ကပြောသည်။ “မိုးတွင်းမှာ လယ်စိုက်ဖို့အတွက် စုဆောင်းထားတဲ့ငွေနဲ့ အိမ်ခေါင်မိုးသွပ်တွေပြင်နေရတော့ လုပ်ငန်း လည်ပတ်ဖို့... Read More
တစ်လနီးပါး ပိတ်မိနေသည့် လိုင်နောင်ခူး(မန်ဝယ်) ဒုက္ခသည်များ အယောက် ၁၀၀ ကျော်သည် ကာမိုင်းမြို့သို့ မေ (၇) ရက်ည ၁၁း၀၀ နာရီခွဲအချိန်တွင်ရောက်ရှိလာသည်။ အဆိုပါဒုက္ခသည်များ လွတ်မြောက်လာရန် ဧပြီလ ၁၁ရက်ကတည်းက ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ ဘာသာရေးခေါင်းဆောင်းများနှင့် အုပ်ချုပ်ရေးမှူးများက ကြိုးစားခဲ့သော်လည်း တပ်မတော်က ခွင့်မပြုခဲ့သည့်အတွက် ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။... Read More

You may have missed