ဖားကန့်မှာ နှစ်ရက်အတွင်း ပေါက်ကွဲမှု (၆)ကြိမ်ဖြစ်
2 February 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့တွင် နှစ်ရက်အတွင်း ဗုံးပေါက်ကွဲမှု (၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ညက ဖားကန့်မြို့ မှော်ဝမ်းစျေးအနီးရှိ စုပေါင်းရုံး၌ တစ်ကြိမ်၊ ဖေဖော်ဝါရီလ တစ်ရက်နေ့၌ ဆိုင်းတောင်၌ ၅ကြိမ်၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မြစ်ကြီးနား – ဖားကန့် သွားသည့်လမ်းပေါ်ရှိ လဝါးကျေးရွာတွင် ကေအိုင်အေတပ်များရှိနေသည်ဟုအကြောင်းပြကာ စစ်ကောင်စီမှ ဇန်နဝါရီလ ၂၇ရက်နေ့မှစပြီး ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။
ဇန်နဝါရီလ ၁၃ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ဂျက်လေယာဥ်တစ်စင်းဖြင့် ဖားကန့်မြို့နယ် ကေအိုင်အေ တပ်ရင်း(၆) နယ်မြေသို့ သွားရောက်ပစ်ခတ်သွားခဲ့သည်။