ဖားကန့်က စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေနှင့် PPDF တို့ထပ်မံ သိမ်းယူ
3 February 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းတစ်ဖက်ကမ်း ဂျာရာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDFတို့မှ ယနေ့နံနက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၃ နာရီခန့်မှစပြီး ကေအိုင်အေနှင့် PDF တို့ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဖားကန့် စစ်ကောင်စီဗျုဟာကုန်းမှလည်း လက်နက်ကြီး ၁၀ချက်ကျော်ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် မော်ဟန်က စစ်ကောင်စီ ရဲစခန်းတစ်ခုကိုလည်း ယနေ့နံနက်အစောပိုင်းက ကေအိုင်အေ နှင့် PDF တို့ သိမ်းပိုက်ခဲ့သည်။