ပူတာအိုက စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ နှင့် PDF တွေ သိမ်းကာ မီးရှို့ဖျက်ဆီးပူတာအိုက စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ နှင့် PDF တွေ သိမ်းကာ မီးရှို့ဖျက်ဆီး
1 February 2022 – Kachinwaves
စစ်ကောင်စီတပ်၏ ပူတာအိုဗျူဟာ၊ ရှေ့တန်းတပ်စခန်းတစ်ခုကို PDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့မှ ယနေ့သွားရောက်တိုက်ခိုက် သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ကေအိုင်အေ အရာရှိတစ်ဦးက ပြောသည်။
ယနေ့နံနက် ၁၀ နာရီခွဲအချိန် သွားရောက်တိုက်ခိုက်ခဲ့ပြီးနေ့လယ် ၁၂ နာရီခန့်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုပါသည်။
ဆွပ်ပီယန်ကျေးရွာအရှေ့ဘက်ရှိ မဆီးယန်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ရှင်ဂတ်ဘွမ် (Shinggap Bum) တပ်စခန်းတစ်ခုကိုလည်း ကေအိုင်အေနှင့် PDF တို့က ယနေ့နံနက် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယနေ့နံနက် အစောပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့က စစ်ကောင်စီဗျူဟာကုန်းကို ကေအိုင်အေနှင့် PDF တို့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၁ ဒီဇင်ဘာလ ၂၄ရက်နေ့တွင်လည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်နှင့် ကညှင်မြိင်ကျေးရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ (၃၈၃) နှင့် ခမရ (၃၈၄)တို့ကို ကေအိုင်အေနှင့် PDF တို့က သွားရောက်တိုက်ခိုက်ခဲ့သိမ်းပိုက်ခဲ့ပါသည်။