၃ ရက်အတွင်း ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်း ဖွင့်ပေးရန် မြေအောက်တော်လှန်ရေးတပ်ဖွဲ့သတိပေး
12 January 2022 – Kachinwaves
ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစပြီး ဖြတ်တောက်ထားသော ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ (MPT ၊TELENOR၊ Ooredoo၊ MYTEL)ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ၃ ရက်အတွင်းပြန်လည်ဖွင့်ရန် ဖားကန့်မြို့မြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ယနေ့ အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်။
ဖားကန့်မြို့တွင် Mytel အင်တာနက်လိုင်းကို ဇန်နဝါရီလ ၁၀ရက်နေ့ည၈နာရီခန့်တွင် ဖွင့်ပေးခဲ့ပြီးနောက်နေ့နံနက် ၉နာရီခန့်တွင် ပြန်ပိတ်ပေးလိုက်သည်။
ဖားကန့် လယ်ပင်ဂိတ်နှင့် အချို့နေရာများမှာတော့ Mytel လိုင်းနှင့် လိုင်းဖွင့် ပေးထားပြီး အခြား operator များကိုတော့ ဖွင့်ပေးထားခြင်း မရှိကြောင်း သိရသည်။
ဖားကန့်မြို့တွင် စစ်ကောင်စီတပ်မှ ၂၀၂၁ခုနှစ် သြဂုတ်လ ၂၀ရက်နေ့မှစပြီးအင်တာနက်လိုင်းများ ဖြတ်တောက်ထားပေးသည်မှာ ၅လနီးပါးရှိနေပြီဖြစ်ပြီး MYTELတိုင် ၅ခု ဖျက်ဆီးခံထားရကြောင်း သိရသည်။